အသေးစိတ်ကိုတော့ နောက်မှဖော်ပြပါမယ်။ ပုံမှာကြည့်ရင်တော့ နားလည်လွယ်ပါမယ်။
အောက်ဆုံးအဆင့်က တီဆွေးရည်ထွက်ပါမယ်။
အပေါ်ဆုံးအဆင့်က ဟင်းသီးဟင်းရွက် အသီးအနှံစွန့်ပစ် ကြက်ဥခွံ သတင်စာစက္ကူ ကော်ဖီမှုန့် လက်ဖက်ခြောက်စွန့်ပစ် စတာတွေထည့်နိုင်ပါတယ်။ မထည့်သင့်တာက ဆေးရွက်ကြီးမှုန့် ဆေးလိပ်တိုစ အချဉ်များတဲ့ လိမ္မော် သံပုရာလို (အခွံတွေတော့ ရပါတယ်။) pH များလွန်း နဲလွန်းတဲ့ဟာတွေ မထည့်ရပါ။
အလယ်၂လွှာမှာ အောက်က တီကောင်အများစု မြေဆွေးနဲ့ ငှက်ပျောရွက် အနဲငယ်ထည့်ပြီး အပေါ်မှာတော့ တီကောင်အနည်းစုနဲ့ မြေဆွေးများများ ထည့်ပါ။
မြေဆွေးဆိုရာမှာ နောက်ချေး အများစုထည့်ပါ။ စပါးခွံ သတင်းစာ နဲနဲထည့်နိုင်ပါတယ်။
၎လနေရင် မြေဆွေးကို အလယ်၂ဆင့်ကနေ ယူနိုင်ပါပြီ။
အစိုဓာတ်ကို လိုသလိုထည့်ပေးနေရပါမယ်။
လေ၀င်ပေါက်ဇကာက ပုရွက်ဆိပ်ဝင်မရအောင် စိပ်ရပါမယ်။ အထပ်တိုင်းမှာ လေဟာနယ် သုံးပုံတပုံရှိရပါမယ်။
အပေါ်ဆုံးထပ်ကို အ၀တ်နဲ့ လုံအောင်အုပ်ထားရပါမယ်။
တီဆွေးရည်ကို ကြားထဲလိုသလို ဖောက်ချယူနိုင်ပါတယ်။
နောက် အသေးစိတ်ဖော်ပြပါမယ်။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး
၂ အောက်တိုဘာ ၂၀၁၇


























Comments
Post a Comment